နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နေပြည်တော် ဇွန်  ၂၂

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားဝန်းအတွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး က အမှာစကားပြောကြားပြီး ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် ၁၀၀ ၊ ပျဉ်းကတိုးပင် ၂၀၀ နှင့် ကျွန်းပင် ၂၃၀ တို့ကို ပြန်လည်အစားထိုးခြင်းအဖြစ် စိုက်ပျိုးကြသည်။

ထို့အတူ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊  ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုး ရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ဦးစီးမှူးရုံးများနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း တို့တွင် လည်း သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည် သီးနှံပင်၊ အရိပ်ရ လေကာပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းနှင့် ဝန်ကြီးဌာန တစ်ခုလုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၀၈၆၅ ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သတင်းစဉ်