နယ်စပ်ရေးရာဝန်ကြီးဌာနက ဘုန်း‌တော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲတို့အား ဆက်ကပ်လှူဒါန်း

နေပြည်တော် မတ် ၁၈  

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ဆေး၊ ကုလားပဲနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ကျော် နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ အေးမြ သာယာနန်ချွန်ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များနှင့် သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် အခြားစားသောက်ဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်