နယ်စပ်ရေးရာဝန်ကြီးဌာနက မိတ္ထီလာခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် မေ  ၁၂

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုး မင်းထွန်းနှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ ပေါက်ပင်သာရွာ၊ ပေါက်ပင်သာရွာရှေ့ဘုန်းတော် ကြီးသင်ပညာ ရေးကျောင်းတိုက်ရှိ သံဃာတော် များ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥ၊ ရေသန့်နှင့် အခြားစားသောက်ဖွယ်ရာများအား ပေါက်ပင် သာရွာရှေ့ကျောင်းတိုက် ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်