နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် ဩဂုတ် ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ညွှန်ကြားရေးမှူး ဦးစိုးလွင် နှင့် ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ်၊ ဗုဒ္ဓရတနာပရဟိတ ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သာမဏေများ၊ ကျောင်းသား/ကျောင်းသူများအတွက်  ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဥနှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်/ တိုင်း ဒေသကြီး အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းတွင် ဝါတွင်းကာလ ဝါဆိုဝါကပ်တော်မူကြသည့် သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများနှင့် လှူဖွယ်ပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်