နယ်စပ်ရေးရာဝန်ကြီးဌာနက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်း

 

နေပြည်တော် ဇွန် ၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်​မြေအတွင်းရှိ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်၊ သီရိရတနာ ဘုန်းတော်ကြီးသင် မူလွန်ပညာရေးကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ သူများအတွက် ကျောင်းဝတ်စုံ ဖြူ/စိမ်း အစုံ ၃၀၀ နှင့် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၃၀၀ တို့ကို ပေးအပ် လှူဒါန်းသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၊ ပရဟိတကျောင်းများသို့ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည့်အပြင် လိုအပ်ချက်ရှိသည့် ကျောင်းသား/ သူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးဗလာစာအုပ်များ ကို ပေးအပ်လှူဒါန်း လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်