နယ်စပ်ရေးရာဝန်ကြီးဌာနက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဆပ်ပြာမှုန့်များ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တိုးတက်ရေးဦးစီးဌာန အနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့  ဆွမ်းအခက်အခဲ မရှိစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဆပ်ပြာမှုန့်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင်  ကျောက်မဲခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းသိန်း နှင့် ဝန်ထမ်းများက  ကျောက်မဲမြို့နယ်၊ အောင်မြေ သာယာသီလရှင်စာသင်တိုက် ကျောင်းထိုင်ဆရာကြီး ဒေါ်မေဓာရီထံသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ဆပ်ပြာမှုန့်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်