နယ်စပ်ရေးရာဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၂

 

နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒဂုံမြို့သစ် ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဇော်ဦးနှင့် ဝန်ထမ်းများသည် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၇၈ ရပ်ကွက်၊ အောင်ချမ်းသာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်တွင် သံဃာ တော်များ၊ စာချသံဃာတော်များနှင့် စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ယနေ့နံနက်ပိုင်းတွင် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်းများတွင် ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)