နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၁၄

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဝါတွင်းကာလ ဝါဆိုသံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(ထားဝယ်) ကွပ်ကဲမှုအောက်ရှိ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ဆွမ်းဆန်တော် ၊ ဆီ၊ ဆား၊ ကုလားပဲများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။ 

 

ထိုသို့လှူဒါန်းလျက်ရှိရာ ဘုတ်ပြင်းမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဘိုဘိုကျော်နှင့် တာဝန်ရှိသူများက ဓမ္မအလင်းရောင်ကျောင်းတိုက်ရှိ သံဃာ တော်များ၊စာသင်သားသာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် အခြားဘာသာရေးကျောင်းများသို့လည်း ဆွမ်းကိစ္စရပ်များ အဆင်ပြေရန် ရည်ရွယ်၍ ဆွမ်းဆန်တော်၊ ဆီ၊ဆား၊ ကုလားပဲများအား ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)