နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် ကုလားပဲများဆက်ကပ် လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၁၂

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် အတွင်းရှိ ဆွမ်း/ကွမ်း ခက်ခဲသည့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား ၊ ကုလားပဲ၊ အမယ်လေးမျိုးကို ရဟန်း၊ သံဃာ၊ သာမဏေများအတွက် ထောက်ပံ့လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းက တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သက်ထူး၊ တနင်္သာရီမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခေတ္တမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးစီးအရာရှိ၊ ဦးမင်းနိုင်ဦးနှင့် တနင်္သာရီမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးဝန်ထမ်းများမှ တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက်၊ မဟာသန္တိ သုခဝင်္ကဘာကျောင်းတိုက်သို့ ဆန်()အိတ်၊ ဆီ(၁၂) ပိဿာခွဲ၊ ကုလားပဲ ()ပိဿာ၊ ဆား()ပိဿာနှင့် ကြက်(၅၀)လုံး စသည့် လှူဒါန်းထောက်ပံ့ပစ္စည်းများအား ကျောင်းထိုင်ဆရာတော်ထံသို့ ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)