နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများ၊ ဆွမ်းကွမ်း ဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ် လှူဒါန်း

 

 

နေပြည်တော် ဒီဇင်ဘာ ၁၇

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် ဗန်းမော်ခရိုင်၊ နမ့်ဖားရပ်ကွက် နမ့်ဖားပရဟိတ စာသင်တိုက်ရှိ သံဃာတော်များ နှင့် သာမဏေများ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲနှင့် ဆွမ်း၊ ကွမ်း ဝေယျာဝစ္စအတွက် အလှူငွေ များအား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဗန်းမော်ခရိုင်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေး အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အမယ်လေးမျိုး ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)