နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ် လှူဒါန်း

နေပြည်တော် ဒီဇင်ဘာ  ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော် နှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ကျိုင်းတုံမြို့နယ်၊ အောင်စင်္ကြာတပ်ဦး ကျောင်းတိုင်ရှိ ဆရာတော်၊ သံဃာတော်များနှင့် စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများကို ယနေ့နံနက်ပိုင်းတွင် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်) ဒေသအတွင်းရှိ ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဆက်မြို့နယ်၊ မက်မန်းမြို့နယ်နှင့် မိုင်းဖြတ်မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲ အမယ်လေးမျိုးကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်