ဉရောပအရှေ့တောင်ပိုင်း အယ်လ်ဘေးနီးယားနိုင်ငံတွင် ပြင်းအား ၆ ဒသမ ၄ ပမာဏ ငလျင်လှုပ်ခတ်

၂၆ နိုဝင်ဘာ

ဉရောပအရှေ့တောင်ပိုင်း ရှိ အယ်လ်ဘေးနီးယားနိုင်ငံ တွင်  ပြင်းအား ၆ ဒသမ ၄ ပမာဏ ငလျင် ယနေ့လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများပြိုကျပြီး အခြားပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

 

2

 

အယ်လ်ဘေးနီးယားနိုင်ငံ အနောက်ပိုင်း ဒေသစံတော်ချိန် မနက် ၄ နာရီခန့်တွင် ပြင်းအား ၆ ဒသမ ၄ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး အဖွဲ့က ဆိုသည်။ခန့်မှန်းတွက်ချက်မှုအရ ငလျင်ဗဟိုချက်မှာ ၂၀ ကီလိုမီတာ အနက်ရှိကြောင်း နှင့် အပျက်အစီးပမာဏ ကို မသိရှိရသေးကြောင်း ဖော်ပြထားသည်။

 

3

 

အဆောက်အအုံတစ်လုံးပြိုကျနေပုံနှင့် လမ်းပေါ်ရှိ  အမှိုက်များကို အယ်လ်ဘေးနီးယားမီဒီယာက ရိုက်ကူးပြသထားသည်။

ငလျင်ဗဟိုချက်အနီး ကျေးရွာတစ်ရွာရှိ ပြိုကျခဲ့သော အဆောက်အအုံတစ်လုံးအတွင်းမှ ကလေးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု အယ်လ်ဘေးနီးယားရှိ အီးယူဝန်ထမ်းတစ်ဦးက တွစ်တာပေါ်တွင်ရေးသားထားသည်။

အဆိုပါ ပြင်းထန်သောတုန်ခါမှုများသည် စက္ကန့် ၃၀ ကြာ ဖြစ်ပွားခဲ့သည်ဟု ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၂၀ အကွာ အာဒရီအတစ် ပင်လယ်ကမ်းရိုးတန်း ဒါရတ်စ်မြို့တော်ရှိ ဟိုတယ်ဝန်ထမ်းတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းသို့ငလျင်လှုပ်ခတ်မှုကြောင့် မိနစ် ၃၀ အကြာ လျှပ်စစ်မီးပြတ်တောက်မှုများဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းဟိုတယ်တွင် ထိခိုက်မှုမရှိသော်လည်း ထိုဒေသရှိ အခြား အဆောက်အအုံအချို့ ပျက်စီးသွားခဲ့ကြောင်း ၎င်းဟိုတယ်ဝန်ထမ်းက ထပ်လောင်းပြောကြားခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို