ဉရောပသမဂ္ဂတွင် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ကာ ကာကွယ်ဆေးများထိုးနှံမည်

ဒီဇင်ဘာ ၁၈

 

 

ဉရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများတွင် ဒီဇင်ဘာ ၂၇ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံမည်ဟု ဉရောပသမဂ္ဂက ဆိုသည်။

 

 

ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ ၂၇၊ ၂၈ နှင့် ၂၉ ရက်နေ့တို့မှ စတင်မည်ဖြစ်ကြောင်း ယမန်နေ့က ဉရောပကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

 

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမန်မိတ်ဖက် BioNTech တို့ထုတ်လုပ်သော ကာကွယ်ဆေးကို အတည်ပြုရန် ဉရောပဆေးဝါးအေဂျင်စီ (အီးအမ်အေ)က ထိုကော်မရှင်ကို တနင်္လာနေ့အစောပိုင်းက အကြံပြုခဲ့သည်။

 

 

အီးအပ်အေအဖွဲ့ ကျွမ်းကျင်သူများက ထိုကာကွယ်ဆေးသည် ဘေးကင်းပြီး ထိရောက်မှုရှိကြောင်း အတည်ပြုပြီးပါက အီးယူအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးပြီးနောက် ၎င်းကာကွယ်ဆေးကို အသုံးပြုခွင့်ပြုမည် ဖြစ်ကြောင်း ဉရောပကော်မရှင်က ပြောကြားခဲ့သည်။

 

 

ကာကွယ်ဆေး ပထမအသုတ် ဖြန့်ဖြူးခြင်းကို ဒီဇင်ဘာ ၂၆ ရက်တွင် စတင်မည်ဖြစ်သည်။

 

 

ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် ထိုကာကွယ်ဆေးများကို ထိုးနှံခဲ့ပြီး ဖြစ်သည်။

 

 

အမေရိကန်ကုမ္ပဏီ Moderna မှ ထုတ်လုပ်သော ကာကွယ်ဆေးကို အီးအမ်အေအဖွဲ့က စစ်ဆေးအတည်ပြုပြီး ဖြစ်သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို