နယ်သာလန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ထိုးပေးရန် အဆင်သင့် ဖြစ်နေကြောင်း ထုတ်ပြန်

၂၁ နိုဝင်ဘာ

 

 

နယ်သာလန် နိုင်ငံမှာ လူပေါင်း ၃.၅ သန်းကို နောက်နှစ် ပထမသုံးလ အတွင်းမှာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ထိုးပေးရန် အဆင်သင့် ဖြစ်နေကြောင်း ကျန်းမာရေးဝန်ကြီးက သောကြာနေ့မှာ ကြေညာပါတယ်။

 

 

ဉရောပ ဆေးဝါးစစ်ဆေးရေး အဖွဲ့ကနေ ခွင့်ပြုလိုက်တာနဲ့ တစ်ပြိုင်နက် ၂၀၂၁ ခုနှစ် ပထမလ တွေအတွင်း  အသက် ၆၀ ကျော်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအား ပထမ ဦးစားပေး အနေနဲ့ ထိုးပေးသွားမှာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

 

 

ကာကွယ်ဆေး ထိုးနှံပေးမယ့် လုံခြုံရေး အပြည့်အဝရှိတဲ့ ဆေးထိုးအပ်ပေါင်း ၂၅ သန်းကို ဝယ်ထားပြီး ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေး ထိန်းသိမ်းထားရန် အပူချိန် အနုတ် ၇၀ အောက် ထိန်းသိမ်းနိုင် တဲ့ ရေခဲသေတ္တာတွေပါ ဝယ်ယူထားပြီးဖြစ်ပါတယ်။

 

 

လူဦးရေ ၁၇ သန်း နေထိုင်တဲ့ နယ်သာလန် နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၄၇၃,၁၉၀  နဲ့ သေဆုံးသူ ၈,၈၂၂ ဦးသေဆုံးကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းကို တားမြစ်ရန် နိုင်ငံအတွင်းမှာ  အသွားအလာ ကန့်သတ်မှု အချို့ကိုလည်း ပြဋ္ဌာန်းကြောင်း သိရပါတယ်။

 

 

နယ်သာလန် နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေးကို ဆေးကုမ္ပဏီ ငါးခု AstraZeneca၊  Pfizer/BioNTech၊  Janssen၊  CureVac နဲ့ Sanofi တို့နဲ့ သဘောတူညီမှု ရှိပြီးကြောင်း ဝန်ကြီးက သောကြာနေ့က ပြောပါတယ်။

 

 

အမေရိကန် ဆေးဝါးကုမ္ပဏီ Moderna နဲ့လည်း ဆေးဝါးရရှိရေးကို ညှိနှိုင်းနေကြောင်း ဝန်ကြီးက ပြောပါတယ်။

 

 

ဉရောပ ဆေးဝါး စစ်ဆေးရေး အဖွဲ့ကနေ မီးစိမ်းပြတာနဲ့ နယ်သာလန်နိုင်ငံမှာ ကာကွယ်ဆေး ရရှိမယ်လို့ ဝန်ကြီးက ထည့်သွင်းပြောကြားပါတယ်။

 

 

MDN

ကိုးကား - AFP

 

a111