နယ်သာလန်အား တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ယူအီးအက်ဖ်အေနေးရှင်းလိဂ်ဖလား ပေါ်တူဂီဆွတ်ခူး

၁၁ ဇွန်

 


ပေါ်တူဂီအသင်းနှင့် နယ်သာလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ပေါ်တူဂီအသင်းက  နယ်သာလန်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ယူအီး အက်ဖ်အေနေးရှင်းလိဂ်ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့သည်။ 

 


အဆိုပါပွဲစဉ်ကို ပေါ်တူဂီနိုင်ငံ ပေါ်တိုမြို့တွင် ဇွန်  ၉  ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး  နယ်သာလန်အသင်း နောက်တန်းခံစစ်ကြောင်းက ပေါ်တူဂီစူပါစတား စီရိုနယ်လ်ဒိုကိုသာ အဓိကထား ထိန်းချုပ်ကစားခဲ့ခြင်းကြောင့် ပွဲကစားချိန်မိနစ်  ၆၀  တွင် တောင်ပံကစားသမား ဂွန်ကာလိုဂူဒက်က ပေါ်တူဂီအသင်းအတွက်အနိုင်ဂိုး တစ်ဂိုးကို သွင်းယူပေးခဲ့ကာ ဆုဖလားကို ရယူပေးခဲ့ခြင်းဖြစ်သည် ပေါ်တူဂီအသင်းသည် ၂၀၁၆ ခုနှစ်ကလည်း ယူရိုဖလားကိုရယူနိုင်ခဲ့ပြီး လက်ရှိတွင်လည်း အဓိကဖလားတစ်လုံးကို  ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

 

 

အခုပွဲစဉ်တွင် အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့သည့် ဂွန်ကာလိုဂူဒက်သည် ပေါ်တူဂီအသင်း   နောက်ဆုံးကစားခဲ့သည့်ရှစ်ပွဲတွင် ငါးဂိုးအထိ တိုက်ရိုက်ပတ်သက်မှုရှိခဲ့သူဖြစ်ပြီး သုံးဂိုးသွင်းကာ နှစ်ဂိုးဖန်တီး ပေးခဲ့သူဖြစ်သည်။

 


ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲ၏ တတိယလုပွဲတွင် အင်္ဂလန်အသင်းက ဆွစ်ဇာလန်အသင်းကို ပင်နယ်တီအဆုံး အဖြတ်တွင် ခြောက်ဂိုး-ငါးဂိုးဖြင့် အနိုင်ရရှိကာ တတိယနေရာရယူနိုင်ခဲ့သည်။

 


ငွေကြယ်