နယ်သာလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကို ရပ်တန့်အောင် partial lockdown ပြဋ္ဌာန်း

၁၄ အောက်တိုဘာ

ဉရောပနိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ နယ်သာလန်နိုင်ငံမှာ ဘားတွေ၊ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ထားဖို့နဲ့ တစ်ဝက်တစ်ပျက် အသွားအလာကန့်သတ်မှု (partial lockdown) ပြဋ္ဌာန်းကြောင်း ဝန်ကြီးချုပ်က အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။ အခုကြေညာချက်ဟာ ဗုဒ္ဓဟူးနေ့ ည ၁၀ နာရီကစပြီး အသက်ဝင်မယ်လို့ ဆိုပါတယ်။

ပိုးကူးစက်မှု လျှော့ချရန်အတွက် အရက်နဲ့ ဆေးခြောက်ရောင်းချမှုကို ည ၈ နာရီမှ နံနက် ၇ နာရီအတွင်း ရောင်းဝယ်မှုမပြုကြောင်း သိရပါတယ်။

ဝန်ကြီးချုပ်က ရုပ်မြင်သံကြားကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံမှာ partial lockdown လုပ်မှာဖြစ်ကြောင်း၊ အဲဒီလို လုပ်ဆောင်တဲ့အတွက် အားလုံးထိခိုက်နိုင်ပေမယ့် ဒါက ရွေးချယ်ရမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တဲ့အတွက် တင်းတင်းကျပ်ကျပ် လုပ်ဆောင်လိုအပ်ကြောင်း ပြောပါတယ်။

အသက် ၁၃ နှစ်အထက် လူတိုင်းဟာ မျက်နှာဖုံးဝတ်ဆင်ဖို့ လိုအပ်ကြောင်း သိရပါတယ်။

စည်းမျဉ်းအသစ်မှာ အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူတွေ စုပေါင်းကစားခြင်း မရှိကြောင်းနဲ့ အိမ်တစ်အိမ်မှာတ စ်နေ့ကို ဧည့်သည် ၃ ဦးသာ လက်ခံခွင့်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပါဆယ်သာ ရောင်းခွင့်ရှိမယ်လို့ ဆိုပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၇,၃၉၃ ဦးနဲ့ သေဆုံးသူ ၃၀ ကျော်ရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၃,၉၀၃ ဦးနဲ့ သေဆုံးသူ ၁၅၀ ဦးရှိကြောင်း သိရပါတယ်။

နယ်သာလန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၈၈,၈၇၆ ဦးနဲ့ သေဆုံးသူ ၆,၆၃၁ ဦးရှိကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

MDN

ကိုးကား - AFP