နယ်သာလန်နိုင်ငံ၌ ကိုဗစ် - ၁၉ ပဉ္စမလှိုင်းမှ ကာကွယ်ရန် တင်းကျပ်သည့် အသွားအလာပိတ်ဆို့ကန့်သတ်မှုချမှတ် 

 

သည်ဟိတ် ဒီဇင်ဘာ ၂၀

နယ်သာလန်နိုင်ငံ၌ ကိုဗစ် - ၁၉ မျိုးကွဲ အိုမီခရွန်ကူးစက်မှုများ မြင့်မားလာသည်ကို စိုးရိမ်လာသည့်အတွက် ဒီဇင်ဘာ ၁၈ ရက် တွင် တင်းကျပ်သည့် အသွားအလာပိတ်ဆို့ကန့်သတ်မှုကို ချမှတ်ခဲ့ သည်။

နယ်သာလန်နိုင်ငံသည် အသွားအလာ ပိတ်ဆို့ကန့်သတ် မှုအောက် ပြန်လည်ရောက်ရှိမည်ဟု နယ်သာလန်ဝန်ကြီးချုပ် ရူတက်က ပြောသည်။ အသွားအလာပိတ်ဆို့ကန့်သတ်မှုကို ရှောင်ရှား၍မရနိုင်ကြောင်း၊ အိုမီခရွန်ကူးစက်မှုမှာ ကျွန်ုပ်တို့ ကြောက်ရွံ့ သည်ထက် ပို၍လျင်မြန်ကြောင်း ၎င်းကပြောသည်။

ဒီဇင်ဘာ ၁၉ ရက် နံနက် ၅ နာရီမှစတင်ကာ တင်းကျပ်သည့် အသွားအလာကန့်သတ်မှု စတင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မတိုင်ခင်အထိ သတ်မှတ်ထားကြောင်း သိရသည်။ စူပါမားကတ်နှင့် ဆေးဆိုင်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် နေရာများမှလွဲ၍ ကျန်ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ပြတိုက် များနှင့် ကဇာတ်ရုံများ၊ တိရစ္ဆာန်ဥယျာဉ်များကို ပိတ်ထားမည်ဖြစ် သည်ဟု သိရသည်။

ဆင်ဟွာ