နယူးဂျာဆီပြည်နယ် သေနတ်ပစ်ခတ်မှုအတွင်း ခြောက်ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ် ဂျာဆီမြို့တွင် ယမန်နေ့က  သေနတ်ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ ရဲအရာရှိတစ်ဦး အရပ်သားသုံးဦးနှင့် သံသယရှိသူ နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့သည်။

 

နယူးဂျာဆီမြို့ တောင်ပိုင်းရှိ ကုန်စုံဆိုင်တစ်ခုတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေဆုံးသူများ၏ ရုပ်လောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသန္တမီဒီယာက ထုတ်ပြန်ခဲ့သည်။

 

သေနတ်ပစ်ခတ်သံများကြားပြီးနောက် နာရီဝက်အကြာတွင် လက်နက်ကိုင်အရာရှိများ ရောက်ရှိလာသည်ကို NHK အဖွဲ့သားက မြင်တွေ့ခဲ့သည်ဟု ဆိုသည်။

 

အကြမ်းဖက်သမားများကို ရှာဖွေရန်အတွက် ရပ်ကွက်အတွင်း ပိတ်ဆို့ထားသည်ဟု ဆိုသည်။

 

အဆိုပါ အဖြစ်အပျက်မှာ ကြောက်မက်ဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ကြောင်း သက်သေအ‌ထောက်အထားများလည်း ရှာမတွေ့သေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ယခုလအတွင်း၌ အမေရိကန်ပြည်ထောင်စုအတွင်း သေစေနိုင်သည့် သေနတ်ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

 

ဒီဇင်ဘာလ ၄ရက်နေ့အတွင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း ဟာဝိုင်အီရှိ အိုဟူးပြည်နည်တွင် ရေတပ်သင်္ဘောကျင်းတွင် အလုပ်သမားနှစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

နှစ်ရက်အကြာတွင် ဖလော်ရီဒါရှိရေတပ် အခြေစိုက်စခန်းတစ်ခုတွင်လည်း ပစ်ခတ်မှုကြောင့်လူသုံးဦး ထပ်မံ သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 

mdn