နယူးဇီလန် မီးတောင်ပေါက်ကွဲမှုတွင် ငါးဦးသေ၊ ရှစ်ဦး ပျောက်ဆုံး

နယူးဇီလန်နိုင်ငံ ဝှိုက်ကျွန်းတွင် ယမန်နေ့က မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ကြောင်း နယူးဇီလန်အစိုးရက အတည်ပြု ပြောကြားခဲ့သည်။

 

ဝန်ကြီးချုပ် ဂျက်ဆီကာအင်ဒရူးနှင့် အခြားတာဝန်ရှိသူများက ယနေ့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

 

ကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားစဉ် ကမ္ဘာလှည့် ခရီးသည် ၄၇ဦး ရှိနေခဲ့ကြောင်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

 

ဝှိုက်ကျွန်းသည် နယူးဇီလန်နိုင်ငံ၏ မြောက်ဘက်တွင်တည်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များ လာရောက်ရာ နေရာတစ်ခုလည်း ဖြစ်သည်။

 

လူရှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

လူပေါင်း၃၀ခန့်ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး၎င်းတို့ထဲတွင် အချို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိထားသည်ဟု ဆိုသည်။

 

အခြေအနေများမှာ တိုးတက်ကောင်းမွန်လာလျှင် ကမ်းသို့ချဉ်းကပ်မည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

 

mdn

 

လူနေထိုင်မှုမရှိသည့် အဆိုပါ ကျွန်းတွင် မီးတောင်တည်ရှိခြင်းကြောင့် လူသိများလာခြင်းဖြစ်သည်။ နှစ်စဉ် နှစ်တိုင်း ထောင်နှင့်ချီသည့် ကမ္ဘာလှည့်ခရီးသည်များသည် အဆိုပါ နေရာကို လာရောက်လည်ပတ်လျက်ရှိသည်။

 

ပြီးခဲ့သည့်လကလည်း မီးတောင်၏ အန္တရာယ်ရှိမှု သတိပေးအဆင့်တိုးမြှင့်ခဲ့ကြောင်း ဒေသန္တရမီဒီယာက ဖော်ပြခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်