နယူးဇီလန်အစိုးရက တတိယမြောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နိုဗာဗက် Novavax ကို အတည်ပြု

မတ် ၁

 

နယူးဇီလန်နိုင်ငံအစိုးရက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Novavax အမျိုးအစားကို တတိယမြောက် ယမန်နေ့ကအတည်ပြုခဲ့ပြီး နိုင်ငံသားများကို မကြာမီထိုးနှံပေးတော့မည် ဖြစ်သည်။

 

အသက် ၁၈ နှင့်အထက်အရွယ် နယူးဇီလန်နိုင်ငံသားများအား ကိုဗစ်ကာကွယ်ဆေး Novavaxကို မကြာမီထိုးနှံပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ဆိုင်ရာတုံ့ပြန်ရေးဝန်ကြီး ချာရစ်ဟစ်ပ်ကင်က ယနေ့တွင် ပြောကြားသည်။

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့် အသက် ၁၂ နှစ်နှင့်အထက် အရွယ်  ၉၅ ရာခိုင်နှုန်းရှိသဖြင့် ကိုဗစ်ကာကွယ်ဆေးအများဆုံးထိုးနှံပြီးသည့် ကမ္ဘာ့နိုင်ငံများတွင်ပါဝင်သည်ဟု ဟစ်ပ်ကင်ကဆိုသည်။

 

အဆိုပါပထမဆုံးကိုဗစ်ကာကွယ်ဆေးများသည် ယခုလတွင် နယူးဇီလန်နိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးပို့မည့်အစီအစဉ်နှင့်ရောင်းချမည့်ရက်စွဲတို့ကိုအတည်ပြုရန် နိုဗာဗက်နှင့်ပူးပေါင်း လုပ်ဆောင်နေကြောင်း ၎င်းကပြောသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို