နယူးဇီလန်၌ ဘတ်စ်ကားတစ်စင်း တိမ်းမှောက်ရာ တရုတ်ကမ္ဘာလှည့်ခရီးသွား ခြောက်ဦး သေဆုံး

၅ စက်တင်ဘာ

နယူးဇီလန်နိုင်ငံ ရိုတာရူမြို့အနီး၌ ဘတ်စ်ကားတစ်စင်း တိမ်းမှောက်ခဲ့ရာ တရုတ် ကမ္ဘာလှည့်ခရီးသွားခြောက်ဦး သေဆုံးခဲ့ကြောင်း နယူးဇီလန်နိုင်ငံရှိ တရုတ်သံရုံးက ယနေ့အတည်ပြုပြောကြား လိုက်သည်။

 

j1

 

အရေးပေါ် တုံ့ပြန်ရေးနည်းလမ်းတစ်ရပ် စတင်ဆောင်ရွက်ခဲ့ကြောင်း တရုတ်သံရုံးက ထုတ်ပြန် ချက်တစ်ခုအတွင်း ကြေညာခဲ့သည်။ သံရုံးအရေးပေါ်ဆောင်ရွက်ရေးအဖွဲ့ကို ဦးဆောင်သော နယူးဇီလန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူရှီသည် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့သည်။ ဝူရှီက သေဆုံးသူများအတွက် ဝမ်းနည်းစကားများ ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူ တရုတ် ကမ္ဘာလှည့်ခရီးသည်များ ကို အကူအညီပေးအပ်ခဲ့သည်။ ဒဏ်ရာရရှိသူများကို ကယ်တင်မည့် ထိရောက်သောဆောင်ရွက်ချက်များ လုပ်ဆောင်ရန်၊ အခင်းဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ် ငန်း ဆောင်ရွက်ရာတွင် အကူအညီပေးရန် တရုတ်သံရုံးက နယူးဇီလန်နိုင်ငံသို့ တိုက်တွန်းခဲ့သည်။

ဘတ်စ်ကားတိမ်းမှောက်ချိန်တွင် ကားပေါ်၌ လူ ၂၀ ဦးကျော် ပါရှိခဲ့ကြောင်း နယူးဇီလန်ရဲတပ်ဖွဲ့ က အတည်ပြုပြောကြားခဲ့သည်။ 

ခရီးသည်များစွာ ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဝေကာတိုနှင့် ရို တာရူမြို့သို့ ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်