နယူးဇီလန်နိုင်ငံ ဂစ်ဘွန်းမြို့တွင် ပြင်းအား ၅ ဒသမ ၃ ပမာဏ ငလျင်လှုပ်ခတ်

၁၀ ဒီဇင်ဘာ

 

ဝှိုက်ကျွန်းမီးတောင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာမှတောင်ဘက် ၁၀ဝ ကီလိုမီတာ အကွာ ဂစ်ဘွန်းဒေသတွင် ယနေ့ ပြင်းအား ၅ ဒသမ ၃ ပမာဏ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုငလျင်လှုပ်ခတ်ခြင်းသည် ဝှိုက်ကျွန်းမီးတောင် ပေါက်ကွဲမှုနှင့် ဆက်စပ်မှုမရှိဟု နယူးဇီလန်နိုင်ငံမှ ဘေးအန္တရာယ်ဆိုင်ရာ ဘူမိဗေဒ သတင်းအချက်အလက်က ဆိုသည်။

 

အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရမှုများ၊ အပျက်အစီးများကို ယခုထိ ဖော်ပြထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

ဒေသစံတော်ချိန် ည ၁ နာရီခန့်က ဂစ်ဘွန်းမြို့တောင်ဘက် ၂၀ ကီလိုမီတာ အကွာတွင် ယင်းငလျင်လှုပ်ခတ်ခဲ့ပြီး အနက်မှာ ၂၉ ကီလိုမီတာ ရှိကြောင်းနှင့် ဝါကာတိန်းမြို့တွင် ထိုငလျင် လှုပ်ခတ်မှုကို သိသာစွာခံစားရကြောင်း ဖော်ပြထားသည်။

 

ကင်းဘရစ်၊ ဒန်နီဗာကီ၊ ဂစ်ဘွန်း၊ ဟန်တာဗီလီ၊ ဟတ်တင်း၊ ရိုတာအာ၊ တော့ပို၊ တုရန်ဂါ၊ ဝယ်လင်တန်၊ ဝါကာတိန်း နှင့် အခြားဒေသများသည်လည်း ယင်းငလျင်လှုပ်ခတ်မှုကို ခံစားနိုင်ဖွယ်ရှိသည်။

 

ထိုငလျင် လှုပ်ခတ်မှုကြောင့် ဈေးဆိုင်အချို့တွင် နံရံကပ်စင်များမှ ကုန်ပစ္စည်းများ ပြုတ်ကျခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုအချို့ရှိခဲ့ကြောင်း ဂစ်ဘွန်း မြို့တော်ဝန် ရီဟတ်တီ စတော့ဇ် က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို