နယူးဇီလန်နိုင်ငံ၌ ၁၉၂၉ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်

ဖေဖော်ဝါရီ ၁၈

 

နယူးဇီလန်နိုင်ငံတွင် ယနေ့ ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၁၉၂၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ကုသမှုခံယူနေသူ ၇၃ ဦးရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူတစ်ဦးရှိသည်ဟု သိရသည်။

 

နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုဖြစ်ပွားပြီးနောက် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၂၆၅၄၄ ဦးရှိကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

နိုင်ငံလူဦးရေ၏ ၉၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အနည်းဆုံး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည်။

 

နယူးဇီလန်နိုင်ငံသည် လက်ရှိအခြေအနေတွင် လူစုလူဝေးကို ဦးရေ၁၀၀ ကန့်သတ်ထားပြီး ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်နေရဆဲဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို