နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ဒယ်လ်တာဗိုင်းရပ်စ်အုပ်စုလိုက်ကူးစက်သူ ၂၂၂ ဦး ထပ်မံတွေ့ရှိ

နိုဝင်ဘာ ၁၆

 

နယူးဇီလန်နိုင်ငံတွင် တစ်ရက်အတွင်း ဒယ်လ်တာဗိုင်းရပ်စ် အုပ်စုလိုက်ကူးစက်ခံရသူ ၂၂၂ ဦး ထပ်မံ တွေ့ရှိခဲ့ပြီးနောက်ကူးစက်ခံရသူပေါင်း ၅၉၇၃ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ခုနစ်ဦးအပါအဝင် ဆေးရုံများတွင် ကုသမှုခံယူနေသူ ၉၁ ဦး ရှိသည်ဟု ထိုဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါရောဂါကူးစက်ခံရသူပေါင်း ၈၇၂၆ ဦးရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၇၇၆၄ ဦး ရှိပြီး ဒုတိယအကြိမ်ထိုးနှံပြီးသူ ၁၃၆၇၈ ဦးရှိကာ ကာကွယ်ဆေး ပထမအကြိမ်နှင့်ဒုတိယအကြိမ်ထိုးနှံပြီးသူ ၂၁၄၄၂ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးသူ ၈၁ ရာခိုင်နှုန်းရှိပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူ ၉၀ ရာခိုင်နှုန်းရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို