နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၂၅၆ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၂၆

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၂၅၆ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၃၉၆ ဦး ရှိလာသည်။

 

မကြာသေးမီကပင် နိုင်ငံရပ်ခြားခရီးမှပြန်ရောက်လာသည့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၃၀ ရှိသည်ဟု သိရသည်။

 

ဆေးရုံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကုသဆဲလူနာ ၈၂၂ ဦးရှိပြီး ၎င်းတို့အနက် ၂၄ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူလျက်ရှိသည်။

 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို