နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ လူအုပ်စုလိုက်ကူးစက်မှု ၆၃၈၀ ထပ်မံတွေ့ရှိ

ဧပြီ ၂၆

 

နယူးဇီလန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါလူအုပ်စုလိုက်ကူးစက်ခံရသူဦးရေ ၆၃၈၀ ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါလူအုပ်စုလိုက်ကူးစက်ခံရသူများအနက်  အကြီးမားဆုံးမြို့ဖြစ်သော အော့ကလန်တွင် ရောဂါကူးစက်ခံရသူ ၁၆၆၇ ဦး နှင့် နယူးဇီလန်နယ်စပ်ဒေသတွင် ၆၂ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းရှိဆေးရုံအသီးသီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၁၆ ဦး အပါအဝင် ကုသမှုခံယူနေဆဲလူနာ ၅၀၈ ဦး ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် လေးဦးထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။ နိုင်ငံအတွင်း ကိုဗစ်ရောဂါစတင် ကူးစက်ဖြစ်ပွားချိန်မှစတင်ကာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၈၉၃၆၃၄ ဦးရှိသည်ဟု အတည်ပြု ထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို