နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၀၆ ဦး ထပ်မံတွေ့ရှိ

ဩဂုတ် ၈

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၀၀၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှုကြောင့် သေဆုံးသူပေါင်း ၁၆၃၈ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။

 

လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူများအနက် ၁၆၈ ဦးသည် မကြာသေးမီကပင် နိုင်ငံရပ်ခြားခရီးသွားလာခဲ့သူဖြစ်သည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ဆေးရုံတက်ကုသမှုခံယူနေသူ ၆၅၄ ဦးရှိပြီး ၎င်းတို့အနက် ၁၆ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။

 

နယူးဇီလန်နိုင်ငံတွင် ၂၀၂၀ ခုနှစ်အစောပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုစတင်ဖြစ်ပွားခဲ့ရာ ယနေ့အထိ ရောဂါကူးစက်ခံရသူပေါင်း ၁၆၄၆၅၅၄ ဦး ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို