နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၃၉၅ ဦး ထပ်မံတွေ့ရှိ

ဇူလိုင် ၁၁

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၃၉၅ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၇ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

အဆိုပါရောဂါကူးစက်ခံရသူများတွင် ပြည်ပခရီးသွားရာမှပြန်ရောက်လာသူဦးရေ ၂၈၀ ရှိသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေဆဲလူနာ ၆၈၉ ဦးရှိရာ ၎င်းတို့အနက် ၁၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်ဟု သိရသည်။

နိုင်ငံတစ်ဝန်းတွင် ၂၀၂၀ ခုနှစ်အစောပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားခဲ့ပြီးနောက်  လက်ရှိအချိန်အထိ ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၁၄၂၉၆၀၇ ဦး ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို