နယူးဇီလန်နိုင်ငံ၌ ရေကြီးရေလျှံမှုများစံချိန်တင်ဖြစ်ပွား၊ လေးဦးသေဆုံး

ဇန်နဝါရီ ၃၁

နယူးဇီလန်နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီ ၂၇ ရက်က မုန်တိုင်းများတိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

နိုင်ငံ၏အကြီးဆုံးမြို့ အော့ကလန်တွင် မိုးသည်းထန်စွာရွာသွန်းမှုများအဆက်မပြတ်ဖြစ်ပွားမှုကြောင့် နိုင်ငံအရေးပေါ် အခြေအနေတစ်ရပ်ကို သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုမြို့ရှိနိုင်ငံတကာလေဆိပ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ယင်းလေဆိပ်အား ၂၄ နာရီကြာပိတ်ထားခဲ့ကြောင်းနှင့် မြေပြိုမှုများဖြစ်ပွားမှုကြောင့် အဝေးပြေးလမ်းမများ ပိတ်ထားခဲ့ရကြောင်းဖော်ပြထားသည်။

အော့ကလန်မြို့အလယ်ပိုင်းနှင့် အနီးဝန်းကျင်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ လေးဦးသေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါမြို့တွင် ဇန်နဝါရီလအတွင်း ပျမ်းမျှမိုးရွာသွန်းမှုရှစ်ကြိမ်နီးပါးဖြစ်ပွားခဲ့ကြောင်းနှင့် မိုးရေချိန် ၂၄၉ မီလီမီတာရှိသည်ဟု အော့ကလန်အာဏာပိုင်များကဆိုသည်။

အာဏာပိုင်များက ယခုသီတင်းပတ်တွင် မိုးပိုမိုရွာသွန်းလာနိုင်သဖြင့် ရေကြီးမှုနှင့် မြေပြိုမှုများထပ်မံဖြစ်ပွားနိုင်သောကြောင့် မလိုအပ်ပဲခရီးသွားလာခြင်းများမပြုလုပ်ကြရန် ပြည်သူများအား  သတိပေးပြောကြားထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို