နယူးဇီလန်နိုင်ငံတွင် ပြည်တော်ပြန် နှစ်ဉီးမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ တွေ့ရှိ

၁၄ အောက်တိုဘာ

 

 

နယူးဇီလန်နိုင်ငံတွင် အောက်တိုဘာလ ၁၄ ရက်နေ့၌  ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရသူ အသစ်နှစ်ဉီး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

 

 

ပထမကူးစက်မှု တစ်ခုမှာ ဘင်္ဂလားဒေရှ့်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ဖြစ်ပြီး ၎င်းအား ဟယ်မင်တန်ရှိ  သီးခြားခွဲနေထိုင်သည့် စင်တာတွင် ထားရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

 

ဒုတိယ ကူးစက်မှာ အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည်ပမှ ပြန်လည်ရောက်လာသူ တစ်ဉီးကို ဟယ်မင်တန်ရှိ သီးခြားခွဲနေထိုင်သည့် စင်တာသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။

 

 

၎င်းတို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့အား အော့ကလန်ရှိ သီးခြားခွဲနေထိုင်သည့် စင်တာသို့ ပို့ဆောင်ခဲ့ကြောင်း နယူးဇီလန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

နယူးဇီလန်နိုင်ငံ၌  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၅၁၈ ဉီး ရှိပြီဖြစ်သည်။

 

 

ယနေ့တွင် ပိုးကင်းစင်သည့် လူနာတစ်ဉီး ထပ်မံတွေ့ရှိခဲ့ပြီး ယခုအချိန်ထိ နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ပိုးရှိ ၄၀ ဉီး ရှိပြီး ၎င်းတို့ အားလုံးမှာ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်