နယူးဇီလန်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ခြောက်ဦး ထပ်မံတွေ့ရှိ

၈ စက်တင်ဘာ

 

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ခြောက်ဦး ရှိကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

 

 

ထိုကူးစက်ခံရသူများအနက် နှစ်ဦးမှာ ပြည်ပမှပြန်လာသူများဖြစ်ပြီး လေးဦးမှာ အုပ်စုလိုက်ကူးစက်မှု ဖြစ်သည်ဟု သိရသည်။

 

 

ပြည်ပပြန်တစ်ဦးမှာ ဖိလစ်ပိုင်နိုင်ငံမှ စက်တင်ဘာ ၃ ရက်နေ့တွင် ပြန်ရောက်လာသော အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ ၎င်းသည် သီးခြားနေရာတွင် နေထိုင်ခဲ့ကြောင်းနှင့် သုံးရက်မြောက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာ က ပြောကြားသည်။

 

 

အုပ်စုလိုက်ကူးစက်သူ လေးဦးမှာ အော့ကလန် ခရစ်ယာန်ဘုရားကျောင်း လူအုပ်စုကူးစက်မှုနှင့် ဆက်စပ်နေကြောင်းနှင့် ၎င်းတို့နှင့် ထိတွေ့မှုရှိသူများကို စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း အော့ကလန်ဒေသ ပြည်သူ့ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ထပ်မံကူးစက်ခံရသူ ခြောက်ဦးအနက် လေးဦးမှာ ဆေးရုံတက် ဆေးကုသမှု ခံယူနေပြီး နှစ်ဦးမှာ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသည်ဟု ထိုဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

နယူးဇီလန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၃ ဦး ရှိသည်။ ၎င်းတို့အနက် ၄၃ ဦးသည် ပြည်ပမှ ပြန်လာသူများဖြစ်ပြီး သီးသန့်ခွဲထားသော နေရာများတွင် နေထိုင်ကြပြီး ဦးရေ ၈၀ မှာ အုပ်စုလိုက် ကူးစက်သူများ ဖြစ်သည်။

 

 

ရောဂါကူးစက်မှုမှ ကာကွယ်ရန် ဩဂုတ်လ ၃၁ ရက်နေ့မှ စတင်ကာ နိုင်ငံအတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးအားလုံးတွင် အရွယ်ရောက်သူများ မျက်နှာဖုံး တပ်ဆင်ထားရမည်ဖြစ်ပြီး လိုက်နာခြင်း မရှိပါက ဒဏ်ငွေပေးဆောင်ရမည် ဖြစ်သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို