နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါအာဒန် ရာထူးမှ နုတ်ထွက်တော့မည်ဟုဆို

ဝယ်လ်လင်တန်   ဇန်နဝါရီ   ၂၀

နယူးဇီလန်ဝန်ကြီးချုပ်    ဂျက်စင်ဒါ  အာဒန်သည် ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ကြေညာ ခဲ့သည်။  ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်မှာ  ၎င်းအတွက်  ဂုဏ်အယူရဆုံး  ကိစ္စဖြစ် ကြောင်း၊ သို့သော်လည်း အဆိုပါရာထူးမှာ ၎င်းနှင့် မထိုက်တန်တော့ကြောင်း ပြောကြားခဲ့သည်။ သူမ အနေဖြင့် ဖေဖော်ဝါရီ ၇ ရက်ထက် နောက်မကျဘဲ ရာထူးမှ နုတ်ထွက်တော့မည်ဟုဆိုသည်။  သူမ၏  လေဘာပါတီကို  မည်သူက ဦးဆောင်မည်ဆိုသည် ကိုမူ ပြောကြားသွားခဲ့ခြင်းမရှိသေးပေ။ 

နယူးဇီလန်နိုင်ငံသည်    အောက်တိုဘာလတွင် အထွေထွေရွေးကောက်ပွဲ    ကျင်းပနိုင်ရန်အတွက် ပြင်ဆင်လျက်ရှိသည်။ ၂၀၁၇ အောက်တိုဘာလတွင် အာဒန်သည် အသက်အငယ်ဆုံး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရသည်။ ထို့နောက် ၎င်းသည် ပထမ ဆုံး မီးဖွားခွင့်ယူသည့် အစိုးရအကြီးအကဲ ဖြစ်လာ ခဲ့သည်။  ၎င်းသည်  ၂၀၁၉  ခုနှစ်က  ခရစ္စချပ်မြို့   ဘာသာရေး  အဆောက်အအုံ  တိုက်ခိုက်ခံရမှုတွင်  တိုင်းပြည်ကို  အကောင်းဆုံး  လမ်းညွှန်နိုင်ခဲ့သည်။ ထို့ပြင်   ကိုဗစ်-၁၉   ကပ်ရောဂါ ကာလကလည်း တိုင်းပြည်ကို   အကောင်းဆုံးဖြစ်အောင်   ဦးဆောင် နိုင်ခဲ့သည်။ 

သို့သော်လည်း  လူနေမှုစရိတ်မြင့်မားလာသည့် ကိစ္စရပ်တွင်မူ ၎င်း၏ပုံရိပ်ကို ကျဆင်းစေခဲ့သည်။  လွန်ခဲ့သောလအတွင်း   လွတ်လပ်သည့်    စစ်တမ်း ကောက်ယူမှုအရ      အာဒန်ကို     ထောက်ခံမှုမှာ ၂၉  ရာခိုင်နှုန်းရှိပြီး  ယင်းပမာဏမှာ  ဝန်ကြီးချုပ် သက်တမ်းတစ်လျှောက် ထောက်ခံမှု အနည်းဆုံး ပမာဏပင်ဖြစ်သည်ဟု သိရသည်။  

အင်န်အိတ်ချ်ကေ