နယူးယောက်မှ ရဲအရာရှိ တစ်ဦး တရုတ်နိုင်ငံအတွက် သူလျှို လုပ်ပေးမှုနဲ့ တရားစွဲဆို ခံရ

၂၂ စက်တင်ဘာ

 

 

အမေရိကန်နိုင်ငံ နယူးယောက်မှ ရဲအရာရှိ တစ်ဦးအား တရုတ်နိုင်ငံအတွက် သူလျှို လုပ်ဆောင်ပေးမှုနဲ့ တရားစွဲဆိုလိုက်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ပါတယ်။

 

 

ရဲအရာရှိဟာ တရုတ်နိုင်ငံမှာ မွေးဖွားခဲ့ပြီး အမေရိကန် နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိထားသူ ဖြစ်ပါတယ်။

 

 

အသက် ၃၃ နှစ်အရွယ် ရဲအရာရှိဟာ နယူးယောက်ရှိ တိဘက် အသိုင်းအဝိုင်းရဲ့ ၂၀၁၈ မှ ၂၀၂၀ ခုနှစ် အတွင်းက သတင်း အချက်အလက်တွေကို စုဆောင်းပြီး တရုတ်အစိုးရကို ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ရဲအရာရှိဟာ တိဘက် လူမျိုးဖြစ်တယ်ဆိုတဲ့ အချက်နဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ရရှိထားသူဖြစ်ပြီး သူ့အား စွဲချက် လေးခုနဲ့  တရားစွဲထားကြောင်း သိရပါတယ်။

 

 

သူဟာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံစဉ်က တိဘက်လူမျိုးဖြစ်ပြီး ညှင်းပန်းနှိပ်စက်ခံရကြောင်း ပြောကြားခဲ့ပေမယ့် လက်ရှိ စုံစမ်းချက်တွေအရ ရဲအရာရှိရဲ့ မိဘတွေဟာ တရုတ်ကွန်မြူနစ်ပါတီဝင်တွေ ဖြစ်ခဲ့ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

 

 

တရုတ်တာဝန်ရှိသူတွေက ရဲအရာရှိအား သတင်းစုဆောင်းပေးတဲ့အတွက် အမေရိကန်ဒေါ်လာ ထောင်ချီပြီး ပေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

 

တိဘက်ဟာ ၁၉၁၂ ကနေ ၁၉၅၀ ခုနှစ်အထိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိခဲ့ပြီး ၁၉၅၁ ခုနှစ်မှာ  တိဘက်ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးကို တရုတ်နိုင်ငံက ရယူခဲ့ပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဟာ ၁၉၅၉ ခုနှစ်ကစပြီး နိုင်ငံ့အပြင်မှာ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

 

 

MDN

ကိုးကား - AFP