နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

မေ ၉

 

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး ကေသီဟိုချူလ်က ၎င်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည်ဟု ယမန်နေ့က ပြောကြားသည်။

 

ဟိုချူလ်က ၎င်းအနေဖြင့် ကိုဗစ်ရောဂါ  ကူးစက်ခံရသဖြင့် လာမည့်သီတင်းပတ်အတွင်း သီးခြားနေထိုင်ကာ အလုပ်တာဝန်များကို အဝေးမှပင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သူ၏တွစ်တာတွင် ဖော်ပြထားသည်။

 

နယူးယောက်တွင်နေထိုင်သူအားလုံးသို့သတိပေးချက်ဟုဆိုကာ ကိုဗစ်ကာကွယ်ဆေးများထိုးနှံမှုခံယူကြရန်၊ စမ်းသပ် စစ်ဆေးမှုခံယူရန်နှင့် နေထိုင်မကောင်းဖြစ်ပါက နေအိမ်မှာပင်နေထိုင်ကြရန် ဟိုချူလ်က တွစ်တာတွင် ရေးသားထားသည်။

 

နယူးယောက်ပြည်နယ်တွင် မတ်လအစောပိုင်းက ကိုဗစ်ကူးစက်ခံရသူဦးရေ ၂၀၀၀ အောက်ရှိရာမှယခုအခါတွင် ကူးစက်ဖြစ်ပွားသူဦးရေ ၁၀၀၀၀ နီးပါးရှိရာ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုပြန်လည်မြင့်တက်လျက်ရှိသည်။

 

ဒုတိယအုပ်ချုပ်ရေးမှူး ဘရိုင်ယန်ဘင်ဂျမင် ဖေဖော်ဝါရီလက ကိုဗစ်ကူးစက်ခံရပြီးနောက် ပြီးခဲ့သည့်ဧပြီလက နယူးယောက်မြို့တော်ဝန်အဲရစ်အာဒမ် ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို