ဩစတြေးလျ တောမီး လောင်ကျွမ်းမှုတွင် သေဆုံးသူ လေးဦးအထိရှိလာ

၁၄ နိုဝင်ဘာ

 

ဩစတြေးလျနိုင်ငံ နယူးဆောက်ဝေး ပြည်နယ်ရှိ မီးလောင်ကျွမ်းသော တောအုပ်တွင် အမျိုးသား တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရာ ဆက်လက် လောင်ကျွမ်းနေသော တောမီးကြောင့် သေဆုံးသူ လေးဦးအထိ ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။

 

 

1

 

ပြီးခဲ့သည့် သောကြာနေ့ မီးလောင်ကျွမ်းမှု ဖြစ်ပွားကတည်းက ပျောက်ဆုံးခဲ့ပြီး အနီးနားရှိ တဲတစ်ခုထဲတွင် နေထိုင်သော အသက် ၅၈ နှစ်အရွယ် အမျိုးသား တစ်ဦး၏ ကြွင်းကျန်ရစ်သော အလောင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆသည်။

 

ပြီးခဲ့သည့် သောကြာနှင့် စနေနေ့တို့က ထိုနိုင်ငံ၏ အနောက်ဘက် ကမ်းရိုးတန်းဒေသတွင် အရေးပေါ် အခြေအနေအဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သောကြောင့် အသက် ၆၀ ကျော်အရွယ် သုံးဦး သေဆုံးခဲ့သည်။

 

ထိုမီးလောင်ကျွမ်းမှု တစ်ပတ်နီးပါးအကြာ ပင်ပန်းနွမ်းနယ်နေသော မီးသတ်သမားများသည် လောင်ကျွမ်းနေသော ၅၆ နေရာကို ဆက်လက်ငြိမ်းသတ်ကာ ၂၄ နေရာ ထိန်းချုပ်နိုင်ခြင်း မရှိပေ။

 

ထိုမီးလောင်မှု ရက်အနည်းငယ် ကြာပြီးနောက် ယခုချိန်ထိ မီးငြိမ်းသတ်နေသော မီးသတ်သမား ၈၀ဝ ကျော်ရှိကြောင်း နယူးဆောက်ဝေးပြည်နယ် မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

ယခုထိတိုင် မီးလောင်ကျွမ်းမှုကြောင့် ထိုနိုင်ငံ၏ အရှေ့ဘက် ဟတ်တာ တစ်သန်းကျော်အထိ လောင်ကျွမ်းခဲ့ပြီး နယူးဆောက်ဝေး ပြည်နယ်တွင် အိမ်ခြေ ၂၀ဝ ကျော် မီးလောင်ကျွမ်းခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို