ဩစတြေးလျ တောမီး၏  မီးခိုးများကြောင့် တောင်အမေရိကတိုက် ဥရုဂွေး နိုင်ငံ၏ ကောင်းကင်မှောင်မည်းလာ

၈ ဇန်နဝါရီ

 

ဩစတြေးလျ တောမီး၏  မီးခိုးများကြောင့် တောင်အမေရိကတိုက် ဥရုဂွေးနိုင်ငံ၏ ကောင်းကင်မီးခိုးများဖုံးလွှမ်းကာ မှောင်မည်းလာသည်ဟု  ဥရုဂွေး မိုးလေဝသဌာန က ယမန်နေ့က ပြောကြားခဲ့သည်။

 

တနင်္လာနေ့မွန်းလွဲပိုင်းမှစတင်ကာ ဥရုဂွေးကောင်းကင်တွင် မီးခိုးများဖုံးလွှမ်းနေသည်ကို တွေ့မြင်နိုင်ကြောင်း ဥရုဂွေး မိုးလေဝသဌာန က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

 

4

 

အမြင့် ၆၀၀၀ မီတာ အထက်တွင် သေးငယ်သောအမှုန်လေးများ ရှိနေခြင်းသည် ဩစတြေးလျ တောမီး အကြီးအကျယ်လောင်ကျွမ်းမှုကြောင့် ထွက်လာသည့်မီးခိုးများ၏ အကျိုးဆက်ပင်ဖြစ်သည်။

 

ယင်းကဲ့သို့ အမှုန်များ ရှိနေခြင်းသည် လေထုကိုပိုမို ညစ်ညမ်းစေသည်ဟု ဥရုဂွေး မိုးလေဝသဌာန နည်းပညာဆိုင်ရာ မန်နေဂျာ  လူစီယာ ချီပွန်လီ က ဥရုဂွေး မီဒီယာကို ပြောကြားခဲ့သည်။

 

ဩစတြေးလျနိုင်ငံသည် ၎င်း၏သမိုင်းတွင် အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှု တစ်ခုကို ရင်ဆိုင်နေရကာ ထိုတောမီးလောင်ကျွမ်းမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလကမှစ၍ ၂၅ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို