ဩစတြေးလျအရှေ့ပိုင်းတွင် မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ပြီးနောက် ထောင်နှင့်ချီသောဒေသခံများ ဓာတ်အားပြတ်တောက်

 

ဆစ်ဒနီ၊ ဒီဇင်ဘာ ၂၅

 

ဩစတြေးလျနိုင်ငံ အရှေ့ပိုင်း ကွင်းစလန်း ပြည်နယ်တွင်  ပြင်းထန်သည့်  မုန်တိုင်းများ ဝင်ရောက်တိုက်ခတ်ပြီးနောက် ဒီဇင်ဘာ ၂၄ ရက်တွင် ထောင်နှင့်ချီ သော  ဒေသခံများ လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း ဒေသတွင်း သတင်းများက ဖော်ပြသည်။

 

မုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အားလိုင်းပေါင်း ၁၂၀ ပျက်စီးခဲ့ပြီး သုံးစွဲသူ ၅၇၀၀၀ မှာ ဓာတ်အားပြတ်တောက်ခဲ့ကြောင်း ပြည်နယ်အရှေ့တောင်ပိုင်းရှိ အိမ်များနှင့် စီးပွားရေး လုပ်ငန်းပေါင်း ၁ ဒသမ ၅ သန်း ခန့်ကို လျှပ်စစ်ဖြန့်ဖြူးပေးနေ သည့် ကွင်းစလန်းအစိုးရပိုင် အီနာဂျက်ဇ် လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

 

သတိပေးပြောကြား

 

အန္တာတိကတိုက်မှ ဝင်ရိုးစွန်း လေသည် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ အရှေ့တောင်ဘက် ပြည်နယ်များဆီသို့ တိုက်ရိုက် ပျံတက်သွားသောကြောင့် ပြင်းထန်သည့် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ် နိုင်သည်ဟု ဩစတြေးလျရုပ်သံလိုင်း တစ်ခုဖြစ်သည့် အေဘီစီ သတင်းဌာနက သတိပေး ပြောကြားထားသည်။

 

ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်း က မြို့တော်ဆစ်ဒနီကို ဖြတ်ကျော် ဝင်ရောက်လာသည့် မုန်တိုင်းကြောင့် ဆစ်ဒနီလေဆိပ်ရှိ လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရပြီး တချို့နေရာများတွင် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံမီဒီယာများတွင် ဖော်ပြသည်။

 

ဆင်ဟွာ