ဩစတြေးလျမြောက်ပိုင်း၌ အားကောင်းသော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မီဂန် တိုက်ခတ်

ဆစ်ဒနီ၊ မတ် ၁၈

ဩစတြေးလျမြောက်ပိုင်း ဒေသကြီး (အင်န်တီ)  ရှိ ကုန်းတွင်းပိုင်း၌ မတ် ၁၈  ရက် မွန်းလွဲပိုင်းတွင် ပြင်းထန်သည့် အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ကြောင်း ဩစတြေးလျ မိုးလေဝသအေဂျင်စီ (ဘီအိုအမ်)က ပြောကြားသည်။

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မီဂန်မှာ ဩစတြေးလျဆိပ်ကမ်း McArthur ၏ အရှေ့တောင်ဘက်၌ ဩစတြေးလျစံတော်ချိန် ညနေ ၃ နာရီခွဲက ကမ်းရိုးတန်းကို ဖြတ်သန်းတိုက်ခတ်ခဲ့ပြီး ညတွင်းချင်း ကုန်းတွင်းပိုင်းသို့ တဖြည်းဖြည်းရွေ့လျားမည်ဟု ခန့်မှန်း ထားကြောင်း မိုးလေဝသဌာနက ကြေညာထားသည်။

လေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၂၀၀ ကီလိုမီတာအထိ တိုက်ခတ်လျက်ရှိကြောင်း သိသည်။ အဆိုပါမုန်တိုင်းမှာ ကမ်းရိုးတန်းသို့ တိုက်ခတ်ပြီးနောက် ကုန်းတွင်းပိုင်းသို့ စတင်ရွေ့လျား ဖွယ်ရှိကြောင်း သိရသည်။

ဆင်ဟွာ