ဩစတြေးလျနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ လျော့ကျလာခြင်းဟာ စီးပွားရေး ပြန်လည်ဦးမော့လာမယ့် မျှော်လင့်ချက်ကို တိုးမြှင့်လာ

၁၇ စက်တင်ဘာ

ဩစတြေးလျနိုင်ငံမှာ ဩဂုတ်လမှာ အလုပ်လက်မဲ့ဦးရေ ၆ ဒသမ ၈ ရာခိုင်နှုန်းအထိသာ လျော့ကျလာခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကနေ ပြန်လည်ဦးမော့လာနိုင်တဲ့ မျှော်လင့်ချက်ကို တိုးမြှင့်လာပါတယ်။

နိုင်ငံရဲ့ စာရင်းအင်းဌာနမှ နိုင်ငံမှာ ဇူလိုင်လအတွင်း ၇ ဒသမ ၅ ရာခိုင်နှုန်းကနေ ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ နိုင်ငံမှာ အလုပ် ၁၁၁,၀၀၀ ဖန်တီးပေးပြီးနောက်မှာ အလုပ်လက်မဲ့ဦးရေ ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ စီးပွားရေးကျဆင်းမှုမှာ နှစ် ၃၀ အတွင်း အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရာပြီး ပြန်လည်ကယ်တင်ရန်အတွက် အစိုးရနဲ့ ဗဟိုဘဏ်တို့က လုပ်ဆောင်နေကြရေး အစီအစဉ်တွေ လုပ်ဆောင်နေကြပါတယ်။

နိုင်ငံမှာ အလုပ်သမား တစ်သန်းနီးပါးဟာ အလုပ်မှဖယ်ရှားခံသူ သို့မဟုတ် လစာဖြတ်ခံရသူ သို့မဟုတ် အလုပ်ချိန်လျော့ချခံခဲ့ရပါတယ်။

နိုင်ငံရဲ့ အလုပ်သမားဈေးကွက်မှာ အချိန်ပိုင်းအလုပ်သမားနဲ့ အများစုဟာ အလုပ်လက်မဲ့အဖြစ် ဆက်လက်ရှိနေသေးတဲ့အတွက် စီးပွားရေးကို အထိနာစေနေသေးကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP