ဩစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ မရှိတာ နှစ်လရှိကြောင်း ထုတ်ပြန်

၁၆ စက်တင်ဘာ

 

 

ဩစတြေးလျနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် နှစ်လအတွင်း သေဆုံးသူ တစ်ဦးမှ မရှိကြောင်း အင်္ဂါနေ့က ထုတ်ပြန်ပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာလည်း နည်းသွားတာကို တွေ့ရပါတယ်။

 

 

ဇူလိုင်လကုန်ပိုင်းနဲ့ ဩဂုတ်လ အစောပိုင်း အတွင်းမှာ ပိုးတွေ့ရှိသူ ၇၀၀ ကျော်ကနေ အခု ရက်ပိုင်းမှာတော့ ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၅၀ လောက်သာ တွေ့ရပါတယ်။

 

 

ဇူလိုင် ၁၃ ရက်နေ့ကစပြီး သေဆုံးသူ မရှိခဲ့တာ စက်တင်ဘာ ၁၅ ရက်နေ့အထိ သေဆုံးသူ မရှိခဲ့ကြောင်း သိရပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များခဲ့တဲ့ မဲလ်ဘုန်းမြို့ကို ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရန် တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့ပေမယ့် ပိုးတွေ့ရှိသူ နည်းလာတဲ့အတွက် လေ့ကျင့်ခန်း လုပ်ရန် တစ်နေ့ကို တစ်နာရီ အပြင်ထွက်ခွင့် ပြုလာသလို တစ်ယောက်တည်းနေတဲ့ မိတ်ဆွေတွေဆီကို အလည်သွားခွင့် ပြုလာပြီး ဖြစ်ပါတယ်။

 

 

ဗစ်တိုးရီးယားပြည်နယ် အနီးမှာ နေထိုင်သူတွေဟာ ဗုဒ္ဓဟူးနေ့ သန်းခေါင်အချိန်ကစပြီး  အိမ်အပြင်ထွက်ခွင့်နဲ့ စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ဖွင့်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုရဲ့ ဗဟိုဖြစ်ခဲ့တဲ့ ဗစ်တိုးရီးယားပြည်နယ်ရဲ့ မြို့တော် မဲလ်ဘုန်းမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့အထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အရေးမကြီးတဲ့ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေလည်း ဆက်လက် ပိတ်ပင်ထားရမှာ ဖြစ်ပါတယ်။

 

 

ဩစတြေးလျနိုင်ငံ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၇,၀၀၀ ထဲမှာ လေးပုံသုံးပုံဟာ ဗစ်တိုးရီးယား ပြည်နယ်မှ ဖြစ်သလို နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၁၆ ဦးရဲ့ ၉၀ ရာခိုင်နှုန်း ဟာလည်း ဗစ်တိုးရီးယား ပြည်နယ်မှာ ဖြစ်ခဲ့ကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn