ဩစတြေးလျနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်နိုင်ပြီးမှာ ဒေသတွင်းပိုးကူးစက်မှု ပြန်လည်ရှိလာ

၁၆ နိုဝင်ဘာ

ဩစတြေးလျနိုင်ငံ တောင်ပိုင်းရှိ အက်ဒယ်လေ့မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်း ဒီနေ့ (တနင်္လာနေ့)မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ခုနစ်လတိုင် ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု မရှိခဲ့တဲ့မြို့မှာ ရုတ်တရက်ပိုးတွေ့ရှိ ၁၇ ဦးအထိ ရှိလာတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန် ဩစတြေးလျ တောင်ပိုင်းပြည်နယ်မှာ ဟိုတယ်မှ သီးသန့်ထားရှိတဲ့နည်းနဲ့ ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

အက်ဒယ်လေ့မြို့မှာ တနင်္ဂနွေနေ့က ပိုးတွေ့ရှိသူ ၄ ဦးရှိခဲ့ပြီး တစ်ညအတွင်း ပိုးတွေ့ရှိ ၁၇ ဦးရှိကြောင်း၊ အခုပိုးတွေ့ရှိသူ ဦးရေမှာ ဧပြီလနောက်ပိုင်းတွင် အများဆုံးတွေ့ရှိမှုဖြစ်ပါတယ်။

ပိုးတွေ့ရှိသူ ၁၇ ဦးထဲက တစ်ဦးဟာ ဟိုတယ်တစ်ခုရဲ့ ဝန်ထမ်းဖြစ်ပါတယ်။ အဲဒီဟိုတယ်ဝန်ထမ်းဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု ထိန်းချုပ်ရန် မြို့ကိုရောက်ရှိလာတဲ့ ခရီးသွားတွေကို quarantine ထားရှိတဲ့ ဟိုတယ်ဖြစ်ပါတယ်။

ဩစတြေးလျ တောင်ပိုင်းပြည်နယ် အုပ်ချုပ်ရေးမှူး စတီဖန်မာရှယ်က သတင်းစာရှင်းလင်းပွဲတွင် ပိုးတွေ့ရှိသူ အမြောက်အများ တွေ့ရှိရတဲ့အတွက် ပိုးတွေ့ရှိသူကို ဟန့်တားနိုင်ခြင်းမရှိကြောင်း၊ နောက်ထပ် ၂၄ နာရီဟာ အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း၊ မြို့ခံတွေကို မျက်နှာဖုံးဝတ်ဆင်ရေး၊ အိမ်ကနေ အလုပ်လုပ်ရေးနဲ့ အရေးကြီး ကိစ္စမဟုတ်ရင် ခရီးမသွားဖို့ တိုက်တွန်းပြောကြားပါတယ်။

အက်ဒယ်လေ့မြို့က ဒေသတွင်း ပိုးတွေ့ရှိမှုကြောင့် တောင်ပိုင်းပြည်နယ်တွင် နေထိုင်သူတွေကို အခြားပြည်နယ်တွေသို့ ခရီးမသွားရေး စည်းမျဉ်းသစ် ထုတ်ပြန်ထားကြောင်း သိရပါတယ်။

ဩစတြေးလျနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရေးတွင် အောင်မြင်စွာ ထိန်းချုပ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကပ်ရောဂါပိုး စတင်ကူးစက်ချိန်ကစပြီး ပိုးတွေ့ရှိသူ ၂၇,၇၀၀ ဦးရှိပြီး သေဆုံးသူ ၉၀၇ ဦးသာရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP