ဩစတြေးလျနိုင်ငံ၌ ကျောင်းကားနှင့် ထရပ်ကားတိုက်မိသဖြင့်  လူ ၃၃ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၂၁

 

ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်တွင် ထရပ်ကားတစ်စီးနှင့် ကျောင်းဘတ်စ်ကားတစ်စီးတို့တိုက်မိသောကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူအချို့အပါအဝင် လူ ၃၃ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

အဆိုပါယာဉ်မတော်တဆမှုသည် ကွန်ဒွန်လမ်းဆုံအနီး အနောက်ဘက် အဝေးပြေးလမ်းမတွင်  မနက် ၃ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုကျောင်းဘတ်စ်ကားပေါ်တွင် လော်ရီတိုကောလိပ်မှအရွယ်ရောက်သူလေးဦးနှင့် ကျောင်းသူ ၂၇ ဦးလိုက်ပါလာကြောင်းနှင့် ဘတ်စ်ကားမောင်းသူနှင့် ၎င်းတို့အားလုံးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

ဒဏ်ရာပြင်းထန်စွာရရှိသည့် ထရပ်ကားဒရိုင်ဘာကိုလည်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

 

ထိုဘတ်စ်ကားသည် အသက် ၁၂ နှစ်အထက်အရွယ် မိန်းကလေးများတက်ရောက်သည့် (ခရစ်ယာန်ကျောင်း) လော်ရီတိုကောလိပ်မှ ကျောင်းခရီးစဉ်အနေဖြင့် လေဆိပ်သို့ ဦးတည်မောင်းနှင်နေခြင်းဖြစ်သည်။

 

ဗစ်တိုးရီးယားရဲတပ်ဖွဲ့သည် ထိုယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ထိုယာဉ်တိုက်မှုတွင် မျက်မြင်သက်သေရှိပါက သတင်းအချက်အလက် လက်ခံသည့်ဝန်ဆောင်မှု( Crime Stoppers )သို့ ဆက်သွယ်ရန် တိုက်တွန်းပြောကြား ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို