ဩစတြေးလျနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် ဆက်လက်မြင့်တက်လျက်ရှိ

မေ ၁၁

 

ဩစတြေးလျနိုင်ငံတွင် တစ်လခန့်အတွင်း ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူအရေအတွက် အမြင့်မားဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရသူ ၅၇၀၀၀ ကျော်ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၅၁ ဦး ထပ်မံသေဆုံးခဲ့သည်။ 

 

ဧပြီလအစောပိုင်းမှစတင်ကာ ကိုဗစ်ရောဂါကူးစက်မှုအရေအတွက်များပြားလာပြီး သေဆုံးသူပေါင်း ၇၆၀၀ ကျော်ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ကအထိ ဆေးရုံအသီးသီး၌ ကုသမှုခံယူနေသူ ၃၁၆၈ ဦး ရှိပြီး ၎င်းတို့အနက် ၁၂၃ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူလျက်ရှိသည်ဟု ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 

တောင်ဩစတြေးလျပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူများ ရောဂါကူးစက်ခံရပြီး နောက်ဆက်တွဲ ရောဂါဝေဒနာများ ကုသပေးရန်အတွက် ဆေးခန်းလေးခု ဖွင့်လှစ်ထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို