ဩစတြီးယား အသွားအလာ ကန့်သတ်ပိတ်ဆို့မှု တစ်စိတ်တစ်ပိုင်း ရုပ်သိမ်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

၈ ဒီဇင်ဘာ

 

 

ဩစတြီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျော့နည်းလာသဖြင့် အသွားအလာ ကန့်သတ်ပိတ်ဆို့မှု တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းခဲ့ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

 

အဆိုပါ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုကို နိုဝင်ဘာ ၁၇ ရက်နေ့က စတင်ခဲ့ပြီး မရှိမဖြစ် လိုအပ်ကုန်ပစ္စည်းများ မဟုတ်သည့် အရောင်းဆိုင်များ၊ စာသင်ကျောင်းဖွင့်လှစ်ခြင်းနှင့် လူအများ အပြင်ထွက်ခြင်းတို့နှင့် ပတ်သက်ပြီး တင်းကျပ်သည့် ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။

 

 

စူပါမားကက်များနှင့် ဆေးဆိုင်များမှအပ အခြားသော စီးပွားရေး လုပ်ငန်းအချို့နှင့် ဈေးဆိုင်များအား ရောင်းချခွင့်မပြုခြင်းနှင့် အွန်လိုင်းမှ သင်ကြားပို့ချခြင်းတို့ ပြုလုပ်ခဲ့သည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ စတင်လျော့နည်းလာသဖြင့် တနင်္လာနေ့တွင် မူလတန်း၊ အလယ်တန်း/အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

 

မြို့တော်ဗီယင်နာတွင် ကျောင်းသားများ သီတင်းပတ်သုံးပတ်အကြာ ပထမဆုံး ကျောင်းတက်ခဲ့ကြသည်။

 

 

အွန်လိုင်းမှ သင်ကြားရသည်မှာ ငြီးငွေ့လာသဖြင့် ကျောင်းပြန်တက်ရသည်မှာ  အမှန်တကယ် ပျော်ရွှင်ကြောင်း ကိုးနှစ်အရွယ် ကျောင်းသူတစ်ဦးက ပြောကြားခဲ့သည်။

 

 

ကျောင်းသားများနှင့် ဆရာများအနေဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေး အစီအမံများဖြစ်သည့် လက်ဆေးခြင်း နှာခေါင်းစည်းများဝတ်ဆင်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်သည်။

 

 

စားသောက်ဆိုင်များကိုလည်း တနင်္လာနေ့တွင် ဖွင့်လှစ်ခွင့်ပြုခဲ့သည်။ သို့ရာတွင် စားသောက်ဆိုင်များနှင့် ဟိုတယ်များကို ဇန်နဝါရီ ၆ ရက်နေ့အထိ ဆက်လက်ပိတ်ထားမည် ဖြစ်သည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို