ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ရှိ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှု စနစ်တကျရှိစေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်        ဇွန်        ၁၈

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့နံနက်ပိုင်းတွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-) ရှိ တိုးလ်ဂိတ်၌ လမ်းအသုံးပြုခ ကောက်ခံနေမှုနှင့် တိုးလ်ဂိတ်၌ ဝန်ထမ်းများ တာဝန်ချထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည့် ယင်းသန်လျင် တံတားအမှတ်- အနီးရှိ PMU ရုံး၏ အစည်းအဝေးခန်းမ၌ ကျင်းပသည့်  ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-)ရှိ တိုးလ်ဂိတ်တွင် လမ်းအသုံးပြုခကောက်ခံနေမှု စနစ်တကျရှိစေရေး၊ ငွေကြေးလေလွင့်မှုမရှိ စေရေး၊ QR Code System တပ်ဆင်ရေး၊ ယာဉ်များသွားလာရာတွင် စနစ်တကျရှိစေရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တကရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက တံတားကြီးပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရာတွင် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ရေး၊ တံတားပေါ်တွင် ဆလိုက်မီးများ တပ်ဆင်နိုင်ရေး၊ တံတားပေါ်ဖြတ်သန်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ဗီနိုင်းဖြင့် အသိပေး ဆိုင်းဘုတ်တပ်ဆင်ရေးနှင့် ယာဉ်ဖြတ်သန်းခကောက်ခံရရှိငွေများ ပျောက်ဆုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက တံတားကြီးပေါ်တွင် ယာဉ်ကြီး၊ ယာဉ်ငယ်များ စည်းကမ်းတကျသွားလာနိုင်ရေး၊ တံတားပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး က ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-)အတွက် ယာဉ်ဖြတ်သန်းသွားလာမှု အဆင်ပြေ စေရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း၊ တက်ရောက်လာကြသူများက တံတားကြီးရေရှည် တည်တံ့ခိုင်မြဲရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို လည်းကောင်း  အကြံပြုဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အမှတ်() လမ်းဆုံတိုးလ်ဂိတ်အနီးရှိ EV Charging Station တွင် လျှပ်စစ်မော်တော်ယာဉ်များ ဓာတ်အားဖြည့်သွင်းနေမှုနှင့် ဘောနတ်ကြီး ယာဉ်ရပ် နားစခန်းအနီးရှိ EV Charging Station တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)