ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ဆက်လက်တက်လာနိုင်ဖွယ်ရှိ

နေပြည်တော် ၁၁ စက်တင်ဘာ 


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီ ထုတ်ပြန်သည့် မြစ်ရေကြီးမှု အခြေအနေသတင်းအရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၃)စင်တီမီတာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ကြောင်း သိရသည်။


အကြံပြုချက်


သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန်  မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားသည်။


MDN