ပဲခူးမြို့၌ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ပဲခူး      ဇူလိုင်      ၂

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို ပဲခူးမြို့ အထက(၅) သီရိပညာခန်းမ၌ ဇူလိုင် ၂ ရက် နံနက်ပိုင်းက ကျင်းပ

ခဲ့သည်။

 

အခမ်းအနားတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌အောင်ဇော်လတ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ (၁၀-၁၅)နှစ် အမျိုးသား ကာလပေါ် အဆိုပြိုင်ပွဲတွင် ကျောင်းသား ၁၀ ဦးက ရောင်ပေစူးသီချင်းဖြင့် လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသမီး ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲတွင် ကျောင်းသူ သုံးဦးက ဂီတပရိယာယ် သီချင်းဖြင့် လည်းကောင်း၊ (၁၅-၂၀)နှစ် အမျိုးသား ကာလပေါ် အဆိုပြိုင်ပွဲတွင် ကျောင်းသား ငါးဦးက ဖူးပွင့်ဝေစီဆယ့်နှစ်လရာသီ သီချင်းဖြင့် လည်းကောင်း၊ (၁၅-၂၀)နှစ် အမျိုးသမီး ကာလပေါ် အဆိုပြိုင်ပွဲတွင် ကျောင်းသူ ငါးဦးက လမြတ်တန်ဆောင်သီချင်းဖြင့် လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသား မဟာဂီတ အဆိုပြိုင်ပွဲတွင် ကျောင်းသား နှစ်ဦးက အာကာတခိုသီချင်းဖြင့် လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသားပတ္တလား အတီးပြိုင်ပွဲတွင် ကျောင်းသား နှစ်ဦးက လည်းကောင်း၊ (၁၀-၁၅)နှစ် အမျိုးသမီး ကဗျာလွတ် အကပြိုင်ပွဲတွင် ကျောင်းသူ နှစ်ဦးက သတ်မှတ်ထား‌သော တီးလုံးဖြင့် လည်းကောင်း၊ (၁၅-၂၀)နှစ် အမျိုးသမီး အကပြိုင်ပွဲတွင် ကျောင်းသူ နှစ်ဦးက သတ်မှတ်ထားသောတီးလုံးဖြင့် လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)