ပဲခူးမြို့၌ နွေရာသီ အခြေခံအားကစား သင်တန်းဆင်း

ပဲခူး ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီ (၁၁) ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး အားကစား နည်းအလိုက် သင်တန်းနည်းပြ ဆရာ/ ဆရာမများအတွက် ဂုဏ်ပြုငွေချီးမြှင့်ငွေများ  ထောက်ပံ့ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က  သင်တန်းသား ကိုယ်စားလှယ်များအား  သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။

      

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရာတေးဒို၊ မြန်မာ့သိုင်း၊ Fitness Dance သင်တန်းသား/ သူ အားကစားသမားများ၏ အားကစားနည်းအလိုက် သရုပ်ပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်