ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၁၈) ဦးထိ ရှိလာ

ပဲခူး ဇွန် ၈

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်နှုန်း မြင့်မားလျက်ရှိရာ ဇူလိုင် (၇) ရက်အထိ ရောဂါရှာဖွေတွေ့ရှိသူ ဓာတ်ခွဲအတည်ပြုလူနာ (၁၁၈) ဦးရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

 

မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံ စင်တာများတွင် ထားရှိကာ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပဲခူးမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်‌ရေး ကောင်စီအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများက ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

မျိုးငြိမ်း(ခရိုင်ပြန်/ဆက်)