ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၉  မတ် 


သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက်မှ မတ် ၂၇ ရက်အထိ နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် ဆွာတံတားအနီး၌ ယာဉ်အမှတ် xxxxxxx NISSAN ယာဉ်ပေါ်မှ အခြားသစ်ခွဲသား (၁၁ ဒသမ ဝ၂၁၄)တန်နှင့် ပြစ်မှုကျူးလွန်သူ(၂)ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။


ထို့ပြင် ကျောက်တံခါးမြို့နယ်၊ ရဲနွယ်ကြိုးဝိုင်းအတွင်း မှ ပျဉ်းကတိုးခွဲသား (၅ ဒသမ ၂၈၉၂) တန်၊ ကဝမြို့နယ်၊ အောင်မိတ်သာကျေးရွာမှ ပိတောက်ခွဲသား (၁၀)တန်ခန့်နှင့် ကျောက်တံခါးမြို့နယ်၊ ကုန်းလယ်ရိုးကျေးရွာအုပ်စု နှင့် ဖဒို-မြို့ချောင်းလမ်း အနီးတို့မှ တရားမဝင် ကျွန်း/အခြား ခွဲသား စုစုပေါင်း (၃ ဒသမ ၉၈၂၆)တန် နှင့် Super Custom ကား(၁)စီးတို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြာင်း သိရသည်။

 

1


ဆက်လက်၍ မတ် ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းမှ တရားမဝင် ကျွန်း/အင်သစ်လုံး/ခွဲသား စုစုပေါင်း (၂၃ ဒသမ ၇၇၆၈)တန်၊ (၆)ဘီးယာဉ်(၁)စီး၊ ဆိုင်ကယ်(၂)စီးနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းမှ တရားမဝင် သစ်မာ/အခြားသစ် (၁၄ ဒသမ ၈၄၉၀)တန်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိခဲ့သည်။


ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အိုင်ကလောင်ကျေးရွာအတွင်းမှ တရားမဝင် အခြားသစ်/ခွဲသား စုစုပေါင်း(၃၇ ဒသမ ၉၂၅၉)တန်၊ သစ်စက်အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်ရှင်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 


မောင်လူမော်

 

1